#Local_News
Published_ 25 December 2022

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပေကျင်းမြို့၊ CP center ၌ ကျင်းပသည့် အာဆီယံ-တရုတ်စင်တာ တည်ထောင်ခြင်း (၁၁) နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ- တရုတ် စင်တာ၏ အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ၏ စတင်တာဝန်ယူခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

အခမ်းအနားတွင် အာဆီယံ-တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်းများကို တရုတ်ပြည်သူများ သိရှိစေရန် တရုတ်နိုင်ငံ၏ နာမည်ကြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် Tautiao တွင် အာဆီယံ-တရုတ်စင်တာ၏ တရားဝင် မီဒီယာစာမျက်နှာ ဖွင့်လှစ်ခြင်းနှင့် Overview of Trade among RCEP Member States အစီရင်ခံစာနှင့် 2021 ASEAN-China Media Cooperation အစီရင်ခံစာ လွှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

 

အဆိုပါအခမ်းအနားသို့ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီး ဌာန၊ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ-တရုတ်စင်တာ၏ အထွေထွေ အတွင်းရေးမှူးချုပ်၊ လာအိုသံအမတ်ကြီး၊ ထိုင်းသံအမတ်ကြီး၊ စင်ကာပူသံအမတ်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ သံရုံးဒုတိယအကြီးအကဲ၊ မလေးရှားနိုင်ငံသံရုံး ဒုတိယအကြီးအကဲနှင့် ပေကျင်းမြို့ အခြေ စိုက် အာဆီယံသံရုံးမှ သံတမန်များ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများ၊ အာဆီယံ-တရုတ်စင်တာမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

ထို့ပြင် မြန်မာသံအမတ်ကြီးသည် အာဆီယံ-တရုတ် စင်တာ၊ အထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့် သီးခြားစီတွေ့ဆုံခဲ့ကြပြီး အာဆီယံ-တရုတ် စင်တာအောက်မှ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group