#Local_News
Published_ 23 December 2022

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၆၀) အရွယ်အမျိုးသမီးတစ်ဦးအား သနပ်ခါးတုံးဖြင့်ထုသတ်ကာ ရွှေဆွဲကြိုးလုယက်ခံရသည့် ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေကြောင်း မန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က YMG သို့ ပြောသည်။

 

ယင်းဖြစ်စဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူသည် နေအိမ်အတွင်း သွေးအိုင်ထဲ၌လဲကျသေဆုံးနေကာ သနပ်ခါးတုံးဖြင့် ထုနှက်၍ သတ်သွားခြင်းဖြစ်နိုင်သည်ဟု ကနဦး ယူဆရကြောင်း ဆိုသည်။

 

မန္တလေးတိုင်း မြန်မာနိုင်ငံလူမှာကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက "ရဲတပ်ဖွဲ့ကတော့ ရဲလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့သွားတဲ့အချိန်မှာ နေအိမ်ထဲ အမ်ျုးသမီးတစ်ဦးက သွေးအိုင်ထဲလဲနေပြီး လည်ပင်းမှာဒဏ်ရာရယ် ဦးခေါင်းမှာ သနပ်ခါးတုံးနဲ့ထုရိုက်ခံထားရတယ်လို့ ယူတရတဲ့ ဒဏ်ရာမျိုးကို တွေ့ခဲ့ပါတယ်။ သေဆုံးသူကိုတော့ ဆေးရုံကြီးရင်ခွဲရုံကို ပို့‌ထားလိုက်ပြီ"ဟု ရှင်းပြသည်။

 

သေဆုံးသူအမျိုးသမီး၏ သမီးဖြစ်သူမှာ အခင်းဖြစ်ပွားချိန်တွင် အပြင်သို့သွားရောက်နေခြင်းဖြစ်ပြီး၊ နေအိမ်သို့ပြည်လည်ရောက်ရှိချိန်မှ မိခင်ဖြစ်သူ သေဆုံးနေသည်ကိုသိရှိရခြင်းဖြစ်သည်ဟုလည်းဆိုသည်။

 

#ymg/myn
#Yangon_Media_Group