#Local_News
Published_ 23 December 2022

 

ကရင်ပြညနယ်ကော့ကရိတ်မြို့အနီး အာရှလမ်းပစ်ခတ်မှုဖြစ်စဉ်များကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားလာပြီး၊ ဒီဇင်ဘာ ၂၂ ရက်(ယမန်နေ့) ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဉီး သေဆုံးကာ ၉ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တာဝန်ခံ ကိုထိုက်က YMG သို့ ပြောသည်။

 

“မနေ့က အာရှလမ်းဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ထုတ်နေတာရှိတယ်။ ညနေ ၃ နာရီ ၃၅ မိနစ်မှာ လက်နက်ငယ်သံတွေ ကြားနေရတယ်၊ လက်နက်ကြီးကျပြီး အရပ်သား ၉ ဉီးထိခိုက်ဒဏ်ရာရရှိတယ်။ နောက်တစ်ဦးကတော့ ကယ်ဆယ်ရေးကားပေါ်ရောက်မှသွေးလွန်ပြီးသေသွားတယ်။ ကျန်ထိခိုက်ဒဏ်ရရသူတွေကိုတော့ဘားအံဆေးရုံကို ပို့ခဲ့ရတယ်။ ဒီရက်ပိုင်းသွေးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှု ပိုရှိလာတယ်” ဟု ရှင်းပြသည်။

 

လက်ရှိတွင် တမိုင်ကုန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ကျောက်စလစ်ကုန်းနှင့် ကော့ကရိတ်မြိုံနှင့်ကပ်ရပ်က ရွာများရှိ အရပ်သားပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီး၊ စာရင်းအတိအကျ မသိရှိရသေးကြောင်းဆိုသည်။

 

စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေးအကူအညီ လိုအပ်နေပြီး၊ မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သည်ကို စာရင်းပြုစု၍ မရသေးဘဲ အကူအညီများပေးရန်ခက်ခဲလျက်ရှိနေသည်ဟုလည်း ရှင်းပြသည်။

 

"ကိုယ့်နည်း ကိုယ့်ဟန်နဲ့ရှောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့နေထိုင်စားသောက်ရေးကို ဖြေရှင်းနေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ လက်ရှိအခြေအနေက တိုက်ပွဲဖြစ်သံ မကြားရတော့ဘူး။ သူတို့တွေ စုရပ်အနေနဲ့ ဘယ်မှာသွားစုလို့ ဘယ်မှာသွားနေကြလည်းတော့ မသိသေးဘူး။ ရှောင်နေသူတွေကတော့ တော်တော်ရှောင်သွားကြတယ်ဗျ"ဟု ဆိုသည်။

 

ကော့ကရိတ်မြို့အနီး နှစ်ဘက်ပစ်ခတ်မှုများသည် ဒီဇင်ဘာ ၁၆ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားပြည်သူ ထောင်ချီတိမ်းရှောင်နေရသည်ဟု ‌ဒေသတွင်းသတင်းများဖော်ပြချက်အရ သိရသည်။

 

#ymg/myn
#Yangon_Media_Group