#Local_News
Published_ 22 December 2022

မြန်မာနိုင်ငံတွင်ခါးရိုးကောက်လူနာတစ်နှစ်ကို(၁၂)ဦး ခန့်နှစ်စဥ်ခွဲစိတ်ကုသပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊

 

၂၀၂၂ခုနှစ်အောက်တိုဘာ(၁၄)ရက်တွင်မွေးရာပါ ခါးရိုးကောက်သောရောဂါ(Scoliosis) လူနာများအား (Pedical Screw and Rods Posterior Fixation) ဖြင့် ပြန်လည်တည့်မတ်ကုသခြင်း ကို ခါးရိုးကောက်သောရောဂါ(Scoliosis ) လူနာ စုစုပေါင်း (၆)ဦးအား ဆွစ်ဇာလန်နိုင်ငံ၊ Zurich မြို၊ Centre for Spinal and Scoliosis Surgery ဆေးရုံမှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခ ဒေါက်တာကံမင်းနှင့်ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ဆရာဝန်များနှင့်အတူ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်တွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်းသိရသည်၊၊

 

အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသဆောင်ရှိ ကျောရိုးခွဲစိတ်ဆရာဝန်များကိုယ်တိုင်သော် လည်းကောင်း၊ ယခုကဲ့သို နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးများအား ဖိတ်ခေါ်၍သော် လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၂၀၀၅)ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျမ်းမျှလူနာ(၁၂)ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း ခါးရိုးကောက်သောရောဂါလူနာ (၂၀၀)ကျော်အား အောင်မြင်စွာ ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊

#ymg/tthl

#Yangon_Media_Group