#Local_News
Published_21 December 2022

 

တရုတ်ဘက်မှ ဖြေလျှော့မှုများလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

 

ယင်းအပြင် တရုတ်ဘက်မှ အစားထိုးယာဉ်မောင်းစနစ်ကို ဖျက်သိမ်းလိုက်သည်ဟု အသိပေးထုတ်ပြန်ထားသော်လည်း ကျင်စန်းကျော့ဂိတ်တွင် လက်ရှိအချိန်ထိ အစားထိုးယာဉ်မောင်းစနစ်ဖြင့် သွားနေရကြောင်း သိရသည်။

 

မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။

 

ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group