#Local_News
Published _ 20 Published 2022

 

မလေးရှားနိုင်ငံ၊ ကလန်းမြို့တွင် အလုပ်မှ နေအိမ်သို့ ပြန်လာသည့် မြန်မာအမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။

 

ဖြစ်စဉ်မှာဒီဇင်ဘာလ ၁၉ရက် ည ၁၀နာရီဝန်းကျင်ခန့်က မလေးရှားနိုင်ငံ၊ ကလန်းမြို့နေ ကိုရာဇာမျိုးသည် အလုပ်မှနေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။

 

လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် ကိုရာဇာမျိုးသည် အရိုက်ခံရသည့်နေရာ၌ပင် မေ့လဲသွားခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၀ရက် နံနက် ၄နာရီခန့်တွင် ဝမ်းဗိုက်အားလက်ဖြင့်ဖိပြီး နေအိမ်သို့ပြန်ရောက်လာခဲ့သည်။

 

ထိုသို့ ဒဏ်ရာများဖြင့် အိမ်ပြန်ရောက်လာသည့်အတွက် ကိုရာဇာမျိုး၏ ဇနီးဖြစ်သူမှ အကူအညီတောင်းခံကာ ရှားအလမ်းဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ကာ လူနာရဲ့ဝမ်းဗိုက်အား ခွဲစိတ်ခဲ့ရပြီး ဒဏ်ရာများစွာဖြင့် ဆေးကုသလျက်ရှိနေကြောင်း အသင်းမှ သိရသည်။

 

ယင်းနောက် ဆေးရုံကိစ္စများ၊ ကုန်ကျငွေများ မတတ်နိုင်သဖြင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံ အကူအညီတောင်းခံလာသည့်အတွက် ဆေးရုံသို့သွားရောက်ကာ လူနာကျန်းမာရေးအတွက် ရင်းဂစ် ၁၀၀၀ လှူဒါန်းခဲ့ကြောင်း အသင်းမှ သိရှိရသည်။

#Ymg/NN
#Yangom_Media _Group