#Local _News
Published _ 20 December 2022

 

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်ရှိ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များတင်ဆောင်မောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်ပေါ်တွင် ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က လက်လုပ်မိုင်းပေါက်ကွဲ၍ ၁၇ ဦးဒဏ်ရာရခဲ့သည်။

 

ဖြစ်စဉ်တွင် ခရီးသည် အမျိုးသား၊ အမျိုးသမီး ၁၇ ဦးမိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဖြစ်စဉ်အား ပြင်းထန်စွာရှုတ်ချကြောင်း အသင်းအဖွဲများက အသီးသီးထုတ်ပြန်ခဲ့ကြသည်။

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးများမှ ဖြစ်စဉ်အားလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်းများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

 

ဖြစ်စဉ်အတွင်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူ ၁၇ ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိနေကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရှိရသည်။

#ymg/NN
#Yangon_Media_Group