#LocalNews
Published _ 12 December 2022

 

HiJet တစ်စီးကို ကုန်တင်ကားကြီးကဝင်တိုက်၍ လူသေဆုံးမှု သံဖြူဇရပ်-ရေးလမ်းမကြီး တွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရွှေဟင်္သာလူမှုကူညီရေးအသင်း(မော့ကနင်) က သိရသည်။

 

အဆိုပါ ယာဉ်ကို ဝင်တိုက်ခဲ့‌သော ကုန်တင်ကားကြီးမှာထွက်ပြေးမောင်းနှင်သွားကြောင်း၊Hijet ယာဉ်ပေါ်ပါ ခရီးသည် ၁၁ ဦးအနက် အမျိုးသမီးတစ်ဦးသေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြကြောင်း အဆိုပါ အသင်း၏ တာဝန်ရှိသူကပြောသည်။

 

"ဒဏ်ရာရသူတွေထဲမှာက ပြင်းထန်တဲ့ ဒဏ်ရာရသူတွေကို မော်လမြိုင်ဆေးရုံကို ပို့ပါတယ်။ကျန်တဲ့သူတွေကတော့ လမိုင်းဆေးရုံမှာ ကုသမှုခံယူနေကြပါတယ်" ဟု ၎င်းကပြောသည်။

 

ymg/mt
#Yangon_Media_Group