#Local_News
Published_12 December 2022

ခြောက်လတာကာလအတွင်း ဗဟိုဘဏ်မှ ရည်ညွှန်းနှုန်းအတိုင်း စားအုန်းဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ (၈၂) သန်း ရောင်းချပေးခဲ့ကြောင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်း၏ ပြောကြားချက်မှ သိရသည်။

 

အဆိုပါ ဒေါ်လာ (၈၂) သန်းအနက် (၅၉) သန်းနှင့် ညီမျှသည့် ပမာဏကိုအသင်း၏ ကြီးကြပ်မှုနှင့်အတူ စားသုံးဆီစုစုပေါင်း (၄၅၂၀၈ ဒသမ ၇၂) တန် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး ကုမ္ပဏီတွေကနေတစ်ဆင့် စားသုံးဆီ (၁၇၀၅၁ ဒသမ ၁၃) တန်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒအတိုင်း ပြည်ပမှ တစ်လလျှင်စားအုန်းဆီတန်ချိန် (၅၀,၀၀၀) ထက် ပိုမသွင်းရန် ဆောင်ရွက်နေပြီး Edible Oil Industry Value Chain နှင့် စားသုံးဆီကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်သွားရန် အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထားတင်သွင်းနေရကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group