#Local_News
Published_ 9 December 2022

 

ဘေးမကင်းသည့်အတွက် သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း(၄)မျိုးကိုမြန်မာနိုင်ငံအစားအ သောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှအသိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) အနေဖြင့် ၂၀၂၂ခုနှစ်အတွင်း ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၄)မျိုးသည် ဌာနတွင်မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသည့် တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိရ၍ အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊

 

သုံးစွဲရန်မသင့်သည်အလှကုန်ပစ္စည်းလေးမျိုးတွင် NOVOတံဆိပ်၊Nobel Eye Shadow (Shining Dream) ၊Anylady -3 colour Blusher၊Comfor Beauty Matte Lipstick၊ ANYLADY professional makeup kit(Unicorn love Sweet)တို့ ပါဝင်သည်၊၊

 

တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြား ယားယံ၊ ရောင်ရမ်း၊ ဖြူနီကွက်ခြင်း၊ အရေပြားမှတစ်ဆင့်စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း ရေရှည်သုံးစွဲပါက ကျောက်ကပ်ထိခိုက်ခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်သဖြင့် သုံးစွဲရန်မသင့်သောပစ္စည်းများကို မသုံးကြဖို့နှင့် တင်သွင်းရောင်းချဖြန့်ဖြူးခြင်းများ မပြုလုပ်ကြဖို့တားမြစ်ထားသည်၊၊

 

တားမြစ်ချက်များအားမလိုက်နာပါက FDAအနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာပုဒ်မ(၃) အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group