#Local_News
Published_ 8 December 2022

 

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ ခွါခြေနာရောဂါဖြစ်ပွါးနေသည့် ဒရယ် (Hog Deer) လေးများကိုကျန်းမာ ရေးပြုစုစောင့်ရှောက်ပေးလျက်ရှိကြောင်း တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

ဥယျာဉ်ရှိ တိရစ္ဆာန်ထိမ်းသိမ်းမွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ ဆရာဝန်များနှင့် သက်ဆိုင်ရာ တိရစ္ဆာန်ထိန်းတို့မှ ကျန်းမာရေးပြုစုစောင့်ရှောက်လျက်ရှိသည်၊၊

 

သမင်မျိုးစိတ်များဖြစ်သည့် ဒရယ်(Hog Deer) များသည် ကလေးမွေးရာသီနှင့် မိတ်လိုက်ရာသီတို့တွင် အထီးများကြား ဗိုလ်လုတတ်လေ့ရှိသည့်အတွက် ခြံဝန်းအတွင်း ပြေးလွှားတိုက်ခိုက်ကြရင်း သဘာဝအတိုင်းဖန်တီးပေးထားတဲ့ ကျောက်တုံးကျောက်ခဲများနဲ့ ထိခိုက်မှုများကြောင့် တစ်ချို့သော ဒရယ်များသည် ခွါခြေနာမှုများ ဖြစ်ပေါ်တတ်လေ့ရှိကြောင်းသိရသည်၊၊

 

ခွါခြေနာမကျန်းဖြစ်နေသည့် ဒရယ်(Hog Deer) လေးများ၏ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ကုသခြင်းများအား တိရစ္ဆာန်ထိန်းသိမ်းမွေးမြူရေးနှင့် ဆေးကုသရေးဌာနမှ ဆရာဝန်များနှင့် သက်ဆိုင်ရာ တိရစ္ဆာန်ထိန်းတို့မှ ပတ်တီးစီးပေးခြင်း၊ ပဋိဇီဝဆေးတိုက်ကျွေးခြင်း၊ ပဋိဇီဝဆေးများ (ပုံတွင်အစိမ်းရောင်) ဖြန်းခြင်း၊ ဆေးထိုးပေးခြင်းများအပြင် “နာမကျန်းတိရစ္ဆာန်ဆေးကုသဆောင်” တွင် သီးသန့်ထားရှိပြီး အနီးကပ်စောင့်ရှောက်ပြုစုထားလျှက်ရှိပါကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှထုတ်ပြန်ထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group