#Local_News
Published_7 December 2022

 

ရှေးဟောင်းသမိုင်းဝင် ဒလသင်္ဘောကျင်းကို ပြုပြင်ထိန်းသိမ်းမှု သတ်မှတ်ချိန်ပြီးစီးရန်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။

 

ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊ အဆောက်အဦတို့ကို ပြန်လည်ပြုပြင်၍ လိုအပ်သည့်စက်ပစ္စည်းများ၊ စက်ယန္တရားများကိုဖြည့်တင်းကာ လုပ်ငန်းများ လည်ပတ်နိုင်ရေး ဆောင်ရွက်ရာတွင် ရေယာဉ်များလွန်းတင်ပြင်ဆင်မှု၊ စက်ရုံ၊ အလုပ်ရုံနှင့် ပတ်လမ်း၊ လွန်းလမ်း များ ပြင်ဆင်နေကြကြောင်း၊ ယင်းလုပ်ငန်းများ သတ်မှတ်ရက်အမီ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

ဒလသင်္ဘောကျင်းသည် နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်ကာ သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်၊ သင်္ဘောကျင်းအဆင့် မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group