#Local_News
Published_5 December 2022

 

နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ရယူရသည့် အွန်လိုင်းကြိုတင်ရက်ချိန်းစနစ်ကို ယနေ့ ဒီဇင်ဘာလ ၅ ရက်မှ စတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)က အသိပေးထုတ်ပြန်ထားသည်။

 

နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ပွဲစားများမှ အဆမတန်သော နှုန်းထားများဖြင့် ကြိုတင်ရက်ချိန်းများရောင်းချခြင်း၊ ဝယ်ယူခြင်းများရှိနေသဖြင့် အွန်လိုင်းရက်ချိန်းကြိုတင်ရယူမှု စနစ်အား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပါရှိသည်။

 

ရက်ချိန်းရယူလိုသူတွေအနေဖြင့် ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေကြောင်း၊ သို့သော် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်အား ထုတ်ပြန်ခြင်းမရှိသေးဘဲ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်များအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းကို မတ်လ ၃ ရက်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group