#Local_News
Published_ 4 December 2022

 

ဆရာများနှင့်လူငယ်များအတွက် UNESCO Myanmar က "မီဒီယာ၊ သတင်းအချက် အလက်နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုကို မြှင့်တင်ပေးခြင်း" ခေါင်းစဥ်ဖြင့် ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီခွဲအထိ ဟောပြောသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ပညာရေးနယ်ပယ်အသီးသီး၌ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်သိနားလည်မှုအား မည်သို့မြှင့်တင်ဖော်ဆောင်သင့်ကြောင်းကိုလည်း ဆွေးနွေးဖော်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

 

ပြည်တွင်းနှင့်နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့် ဟောပြောပေးသွားမှာဖြစ်ပြီး တက်ရောက်သူများက မေးလိုတဲ့မေးခွန်းများကို ဟောပြောပွဲ၏ အမေးအဖြေကဏ္ဍနှင့်ဟောပြောပွဲအပြီး စစ်တမ်းကောက်ယူမှုပုံစံမှဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

ဟောပြောပွဲ တက်ရောက်လိုသူများအနေဖြင့် ယူနက်စကို(မြန်မာရုံး) မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group