#Local_News
Published_ 3 December 2022

 

ဒီဇင်ဘာလ (၃)ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးအင်အား(၃.၉)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသိရသည်၊၊

 

ကသာမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကသာမြို့၏ အရှေ့တောင်ဘက် မိုင် (၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၉၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊

 

မြေငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းတွင် လှုပ်ခတ်မှုများနေပြီး စစ်ကိုင်းတိုင်းအပါအဝင်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊မိထ္တီလာ၊ ရမည်းသင်း၊ ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောကြားထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group