#Local_News
Published_ 3 December 2022

 

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း၌ အရှည် ၅၅၄ မီတာရှိ Sky Cable တည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။

 

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) သို့ ရောက်ရှိခဲ့ပြီး အပန်းဖြေစခန်း အတွင်း ပြည်သူများစိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်း သာယာ လှပအောင်ဆောင်ရွက်ရန်နှင့် တောတွင်းလျှောက်လမ်းများတွင် ရေညှိများ ကပ်ငြိမှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်တို့အား မှာကြားခဲ့ပါတယ်။

 

ယင်းနောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Sky Cable တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) အတွင်း လှည့်လည်ကြည်ရှုကာ လာရောက်အပန်းဖြေ အနားယူနေကြတဲ့ ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။

 

ရေတံခွန်သို့ လာရောက်လည်ပတ်အပန်းဖြေသူများ သဘာဝတောတွင်း အလှအပ များကို လှည့်လည်ကြည့်ရှုနိုင်ရန် ဖောက်လုပ်ထားသည့် တောတွင်းလျှောက်လမ်းအား လှည့်လည်ကြည့်ရှုပြီး Sky Cable ဆင်းသက်မည့် နေရာတည်ဆောက်နေမှုကို ကြည်ရှု စစ်ဆေးခဲ့ပါတယ်။

 

အဆိုပါ အပန်းဖြေစခန်း အတွင်းရေတံခွန် ၃ ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီစွာဖြင့် ထည့်သွင်းဆောက်လုပ်ထားကာ လာရောက် လည်ပတ်သူများ စိတ်အပန်းပြေစေရန်ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်း လျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများ စသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group