#Local_News
Published _ 29 November 2022

 

အနည်းဆုံးအခကြေးငွေ(လုပ်ခလစာ) သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေးကို စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄၈၀၀ ကျပ် (လေးထောင်ရှစ်ရာကျပ်) ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာခ ၁၄ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်၍ တတိယအကြိမ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ထုတ်ပြန်နိုင်ရေး စီမံနေခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်လုပ်သား စစ်ဆေးအကဲဖြတ်ခြင်းကို လျာထားချက် ပြည့်မီစေရန်နှင့် ပြည်ပရောက် မြန်မာ လုပ်သားများ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းဝင်ရောက်လာစေရေးအတွက်လည်း မူဝါဒချမှတ် လုပ်ဆောင်နေကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group