#Local_News
Published_ 27 November 2022

 

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့တို့ ပူးပေါင်းလျက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များမှ အဆင့်မြင့် ပညာရေး ကိုယ်စားလှယ်များနှင့် စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့် အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ သုတေသီနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်တို့က “Enhancing Myanmar-Russia Public Diplomacy: Challenges and Opportunities”၊ “The Way Forward for Collaboration between Myanmar and Russia in the Higher Education Sector”၊ “Changes on Public Services in Myanmar”၊ “Myanmar-Russia Higher Education Cooperation”၊ “The Roles of Think Tanks in Myanmar-Russia Relations” စသည့်ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြားခဲ့ကြပါတယ်။

 

ထို့နောက် ရုရှားအဆင့်မြင့်ပညာရေးကိုယ်စားလှယ်များက “Myanmar Studies in Russia: Education and Research”၊ “The Current Balance of Power on World Stage” စသည့် ခေါင်းစဉ်များအား ဖတ်ကြား၍ ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ Moscow State Institute of International Relations၊ People’s Friendship University of Russia၊ The Pushkin State Russian Language Institute စသည့်တက္ကသိုလ်များမှ တာဝန်ရှိသူများ က ပညာသင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

 

စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

 

ygm_mnn
#Yangon_Media_Group