#Local_News
Published_ 24 November 2022

 

Naypyitaw State Academy တွင် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရန် ကျောင်းဖယ်ရီကားများ ပြေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ၂၃ ရက်တွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က Naypyitaw State Academy ၏ မျှော်မှန်းချက်၊ ဖွဲ့စည်းပုံ၊ အကျယ်အဝန်း၊ လက်ရှိသင်ကြား ဆောင်ရွက်နေမှု၊ မြို့နယ်အလိုက်၊ ဝန်ကြီးဌာနအလိုက်ကျောင်း တက်ရောက်မှု၊ ဆက်လက်တိုးချဲ့သင်ကြား ဆောင်ရွက်ရန်စီစဉ်နေမှုကို ရှင်းလင်းတင်ပြပါတယ်။

 

ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုဖြစ်တဲ့ မြို့နယ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ သွားလာရေး အဆင်ပြေစေရေး၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို ပူးပေါင်းညှိနှိင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က Naypyitaw State Academy တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ သာမက နေပြည်တော် နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံ(နေပြည်တော်) နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)တိုမှ ကျောင်းသားများပါ အတွက် ဖယ်ရီကားများ ပြေးဆွဲဆောင် ရွက်ပေးနိုင်ရေးအတွက် ခရိုင်/ မြိုနယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် မထသ(မြိုတွင်း)ဥက္ကဋ္ဌ၊ မထသ(အဝေးပြေး) ဥက္ကဋ္ဌများက ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အသေးစိတ်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group