#Local_News
Published_23 November 2022

 

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ Patrol-K ဆီဆိုင်အနီးတွင် ယနေ့ နံနက် ၈ နာရီခွဲခန့်ကပင်စင်လစာလာထုတ်သူ အမျိုးသားတစ်ဦးနှင့် သူစီးလာသော ဆိုင်ကယ်မောင်းနှင်သူ ကယ်ရီသမားတို့ ကားတိုက်ခံရ၍ သေဆုံး ခဲ့ကြကြောင်း သိရသည်။

 

ဒေသခံများပြောပြချက်အရ ယင်းတို့ နှစ်ဦးစီးလာသော မော်တော်ဆိုင်ကယ်ကို ယာဉ်တစ်စီးမှ နောက်ကနေ၍ တိုက်မိခဲ့ကာ တက်ကြိတ်မိသွားသည့် ပုံစံမျိုး ဖြစ်သွားကာ နှစ်ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြကြောင်း သိရသည်။

 

သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘုရားလေးကျေးရွာနေ ဦးတင်လှဆိုသူဖြစ်ပြီး ဦးကျင်ထူးဆိုသူ၏ ဆိုင်ကယ် ကယ်ရီဖြင့် အုတ်တွင်းမြို့သို့ ပင်စင်လာစာထုတ်ရန် သွားရောက်စဉ် ရန်ကုန် -မန္တလေးလမ်းဟောင်း၊ Patrol-K ဆီဆိုင်ရှေ့အရောက်တွင် အဆိုပါဆိုင်ကယ်၏ နောက်က မောင်းလာသည့် Faw ကားနှင့်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို ရင်ခုန်သံ လူမှုကူညီရေးအသင်း(အုတ်တွင်းမြို့) က မော်တော်ယာဉ်ဖြင့် အုတ်တွင်းမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group