#LocalNews
Published_ 20 November 2022

 

အားကစားခန်းမများတွင် ယခင်က မရှိဖူးသော ရိုးရာလက်ဝှေ့ကြိုးဝိုင်းကိုထည့်သွင်း၍ ပထမဆုံး ဖွင့်လှစ်သည့် အားကစားခန်းမတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး၊ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ၊ပထမထပ်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက်က ဖွင့်လှစ်ခဲ့သည်။

 

“အခုလို ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထည့်ဖြစ်တာကတော့ Gym မှာလာပြီး ကစားတဲ့ကစားသမားတွေက လက်ဝှေ့လာကစားတာဆိုရင် မြေပြင်မှာပဲ ကစားပြီး ပြန်သွားတယ်ဆိုတာနဲ့ ကြိုးဝိုင်းပေါ်တက်ပြီး ကစားတယ်ဆိုရင် ပိုပြီးပြည့်စုံတယ်လို့ ခံစားသွားစေချင်တဲ့ စိတ်နဲ့ပါ၊ နောက်ပြီးသူများ Gymတွေနဲ့ မတူတဲ့ Traning Plan လေးတွေ၊ facilities တွေလည်း ပြည့်ပြည့်စုံစုံထားပေးပါတယ်။ ကျွန်တော်အနေနဲ့ကတော့ Gym မှာလာကစားတဲ့သူတွေ အကုန်လုံးကို ပြောင်းလဲစေချင်တယ်"ဟု ပထမဆုံး ရိုးရာလက်ဝှေ့ ကြိုးဝိုင်းထည့်သွင်းဖွင့်လှစ်သည့် Warriors Lethwei Gym ၏ ဦးဆောင်သူ ကိုရဲတံခွန် က ပြောသည်။

 

ယနေ့ စတင်ဖွင့်လှစ်သည့် Warriors Lethwei Gym တွင် ရိုးရာလက်ဝှေ့ပြိုင်ပွဲ တစ်ပါတည်း ပြုလုပ်ခဲ့ကြကြောင်း ၊ ယင်း Warriors Fight Season 1 လက်ဝှေ့ပြိုင်ပွဲတွင် လက်ဝှေ့ အလံလု ပွဲစဉ်၊ သုံးချီပွဲစဉ်၊ ငါးချီ လက်ဝှေ့ ပြိုင်ပွဲများ ဆက်လက်ကျင်းပကာ ဆုများချီးမြှင့် ခဲ့ကြကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group