#LocalNews
Published_18 November 2022

 

ပြည်ပနိုင်ငံတွေထံက ချေးငွေရရှိခြင်းမရှိသည့်အတွက် စီမံကိန်းအချို့ရပ်ဆိုင်းထားရကြောင်း နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

 

ယနေ့ ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။

 

လက်ရှိ နစကအစိုးရလက်ထက်တွင် နောက်ထပ်ချေးငွေရယူထားခြင်းမရှိကြောင်း၊ ယင်းကြောင့်လက်ရှိအခြေအနေတွငိ အစိုးရအနေဖြင့် ပြည်ပချေးငွေအပါအဝင် ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကပြောကြားခဲ့သည်။

 

နစက တာဝန်ယူခဲ့သည့်ကာလအတွင်း NLD အစိုးရလက်ထက်အပါအဝင် ယခင်အစိုးရလက်ထက်တွေက ချေးယူခဲ့သည့် ချေးငွေများထဲက ဒေါ်လာ ၁ ဒသမ ၄၅၉ ဘီလီယံကို ပြည်ပထောက်ပံ့ငွေမရှိဘဲ ပြန်ဆပ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

 

#ymg/sth
#Yangon_Media_Group