#Local_News
Published_16 November 2022

 

တောင်ကိုရီးယားနိုင်ငံသို EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၄၈ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။

 

အဆိုပါနိုင်ငံသို့ နိုဝင်ဘာ ၁၅ ရက်တွင် ပို့ဆောင်ပေးခဲ့ပြီး ကုန်ထုတ်လုပ်သားသစ် (၈၈) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၃၁) ဦး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး (၂၉)ဦး ကိုစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် နိုဝင်ဘာလ ၂၃ ရက်တွင်လည်း Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၇၃ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၃၉ ဦး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ထုတ်ပြန်ထားသည်။

 

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၅ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၃၃၈ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#ymg/STH
#Yangon_Media_Group