#Local_News
Published_ 14 November 2022

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုနှင့် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်းကြောင့် အချိန်အခါမဟုတ်မိုးရွာ၊ မိုးသည်းထန်မိုးကြိုးပစ်၊မိုးသီးကြွေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊

 

နိုဝင်ဘာလ(၁၄)ရက်ညနေပိုင်းကထုတ်ပြန်သည့် အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်တွင် သတိပေးထားသည်၊၊

 

ထုတ်ပြန်ချက်တွင် “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နိုဝင်ဘာ(၁၆)ရက်မှ(၂၀)ရက်အတွင်းကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသေ ာလေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်းကြောင့်လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။”ဟုဖော်ပြထားသည်၊၊

 

ဒါကြောင့်မို့လို့ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့် အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ကြောင်း ထုတ်ပြန်ထားသည်၊၊

 

ymg/tthl
#Yangon_Media_Group