#LocalNews
Published _13 November 2022

 

ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ကျင်းပမည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရသည်။

 

“ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဖြစ်ပွားနှုန်းလျော့ကျသွားပြီးတဲ့နောက်မှာ ကမ်းခြေဟိုတယ်တွေ ပြန်စတင်လို့ရအောင် ပထမအကြိမ် ဆောင်းဦးပွဲတော်ကို လုပ်ခဲ့တယ်။အဲဒီကစပြီး သင်္ကြန်ထိ ဧည့်သည်တွေလာတယ်၊ပြောရရင် မိုးမကျခင် ခရီးသွားရာသီတစ်ခုလုံး လာတယ်။ဒီနှစ်ဆိုရင် သီတင်းကျွတ်၊ တန်းဆောင်မုန်း ကတည်းက ဧည့်သည် မပြတ်ဘူး၊ အခုလို ဆောင်းဦးပွဲတော် လုပ်ပြီးပြီဆိုရင် ခရီးသွားက ပိုပြီးတော့ လာမယ်လို့ မျှော်လင့်ရတယ်"ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

 

ပထမအကြိမ် ဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ဆောင်းဦးပွဲတော်တွင် သဲသောင်ပြင် ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊ စက်ဘီစီးပြိုင်ပွဲစသည့်ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group