#Local_News
Published _ 12 November 2022

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည် ညွှန်းစပါးဈေးနှုန်းအား ၆၃၀၀၀၀ ကျပ်အဖြစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ နိုဝင်ဘာဘ ၁၁ ရက်တွင် ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

သတ်မှတ်ခဲ့သည့် အခြေခံရည်ညွှန်းစပါးစျေးနှုန်း ၆၃၀၀၀၀ ကျပ်သည် ၂၀၂၂ ခုနှစ် မိုးစပါးနှင့် ၂၀၂၃ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

 

ဒါ့အပြင် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည် ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့် ဈေးကွက်ပေါက် ဈေးသည်အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်တွင်ရှိပါက အခြေခံဈေးနှုန်းအတိုင်းဝယ်ယူရမည်ဟုလည်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

 

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များ (သို့) အသင်းချုပ် ရုံးချုပ် ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆ သို့ဆက်သွယ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရန် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည် ညွှန်းစပါးဈေးနှုန်းအား တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ ယခုလို ထုတ်ပြန်ခဲ့ခြင်းပင် ဖြစ်သည်။

 

#ymg/NN
#Yangon_Media_Group