#Local_News
Published_ 6 November 2022

 

အင်းစိန်တံတားအဆင်း YBS(၂)စီးခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ(၄၀)နီးပါးရှိပြီး လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ(၆)ရက် ညနေပိုင်းရရှိသော ကနဦးသတင်းတွေအရသိရပါတယ်၊၊

 

"အင်းစိန်တံတားအဆင်း YBS(၂)စီးခေါင်းချင်းဆိုင်ပြီးတော့တိုက်မိတယ်၊၊ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၃၅)ဦးရှိပါတယ်၊၊ သေဆုံးသူက (၄)ဦးလို့ကြားပေမယ့် ခုဏက ရှေ့တန်းကပြန်လာတဲ့ ပရဟိတသမားကိုမေးကြည့်လိုက်တာ သေဆုံးသူ(၁)ဦးပဲ ရှိတယ်လို့ပြောပါတယ်၊၊အင်းစိန်ကြက်ခြေနီအသင်းက အဓိကဆောင်ရွက်ပေးနေပါတယ်၊၊ယာဥ်မောင်းနှစ်ယောက်လုံးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ပြောပါတယ်"လို့ ပရဟိတလူငယ်များ ပရဟိတအသင်းဥက္ကဌ ကိုရွှေမိုးအောင်ကပြောပါတယ်၊၊

 

လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူ(၄)(၅)(၆)ဦး ဆေးရုံမှာကုသမှုခံယူနေရဆဲဖြစ်တယ်လို့လည်းဆိုပါတယ်၊၊

 

အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှလည်း နိုဝင်ဘာလ(၆)ရက်နေ့ မနက်ပိုင်းက လှိုင်သာယာမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်(၄၀)ဦးခန့်ဟာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ရှေးဦးပြုစုပေးခဲ့ကြကာ ဆေးရုံညွှန်းပို့ဖို့လိုအပ်သူတွေကိုလည်း လူနာတင်ယာဉ်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထုတ်ပြန်ထားပါတယ်၊၊

 

Photo credit Myanmar RedCross Society

 

ymg/tthl
#Yangon_Media_Group