#Local_News
Published_ 4 November 2022

 

ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် မိမိစရိတ်ဖြင့် ဆေးတက္ကသိုလ်တက်ခွင့်ရသူ(၂၇)ဦးရှိကြောင်းဆေးတက္ကသိုလ်(၁) ရန်ကုန်၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

ဆေးတက္ကသိုလ်များကို မိမိအစီအစဉ်ဖြင့် ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ကြား အကုန်ကျခံပြီး တတ်နိုင်မည့်သင်တန်း ယခုပညာသင်နှစ်တွင် ပါဝင်ခဲ့ပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင်မိမိစရိတ်ဖြင့် ဆေးတက္ကသိုလ်တက်ခွင့်ရသူ(၂၇)ဦးရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်၊၊

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို နိုင်ငံတော်အစီအစဥ်ဖြင့် မဟုတ်ဘဲ မိမိ အစီစဉ် မိမိကုန်ကျစရိတ်ဖြင့် တက်ရောက်ပြီး သင်တန်းပြီးမြောက်ပြီးပါက မိမိသဘောဆန္ဒအတိုင်း နိုင်ငံ့ဝန်ထမ်းတာဝန် မထမ်းဆောင်ဘဲနေလိုလျင် ရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်းသိရသည်၊၊

 

၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်မြင်ကာဆေးတက္က သိုလ်(၁)ရန်ကုန်သို့ဝင်ခွင့်ရပြီး နိုင်ငံတော်အစီအစဥ်ဖြင့်ပညာသင်ကြားမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၄၅)ဦးရှိကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group