#Local_News
Published_2 November 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့ရာတွင် ၉ ဒသမ ၃၃ ဘီလီယံပို့ကုန်ဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

 

ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံ ၊ တိရိစ္ဆာန်ထွက်ပစ္စညးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်း၊ ရေထွက် ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၃၉၀ သန်းကျော်ရရှိထားပြီး သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၁.၀၈ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၂ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၉ ဘီလီယံနှင့် အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၇၉.၃၅ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။

 

အဆိုပါတင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံရရှိပြီး ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၉ ဘီလီယံရရှိထားကြောင်း သိရသည်။ ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၀ ဘီလီယံရရှိထားခြင်းဖြစ်သည်။

 

၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ နှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန် ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလီယံရရှိထားကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group