#Local_News
Published_ 27 October 2022

 

တရုတ်နိုင်ငံကို ပြောင်းတင်ပို့ခွင့်ရရှိထားသည့် မြန်မာကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ (၉)လအတွင်း ပြောင်းဖူးတန်ချိန် (၁၀၀၀) ကျော်ကို တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

တရုတ်အကောက်ခွန် ထွေ/အုပ်အာဏာပိုင်အဖွဲ့(GACC) နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန(မြန်မာ)တို့အကြား ယခုနှစ် ဇန်နဝါရီလတွင် Plant Quarantine Protocol ကို နှစ်နိုင်ငံအစိုးရအချင်းချင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက် တင်ပို့ခွင့်ရရှိခဲ့သည့် တန်ချိန်ပမာဏဖြစ်ကြောင်း သိရသည်။

 

စီးပွား/ကူးသန်း၏ ဖော်ပြထားသည့်စာရင်းတွေအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့်ကန်ဒေါ်လာသန်း ၅ ဒသမ ၄ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မာ့ပြောင်းတွေကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို တင်ပို့နေပြီးယခုနှစ် ပြောင်းရာသီတွင် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) မှာ မှတ်ပုံတင်ထာသည့် ပြောင်းတွေကို နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group