#LocalNews

Published _19 October 2022

 

CHINA (HONGKONG MACAU) ENTERPRISE ASSOCIATION IN MYANMAR က ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ် အခြေခံပြည်သူများအား ဆန်အိတ် ၃၀၀၀ ကျော် လှူဒါန်းခဲ့ကြကြောင်း အဆိုပါ အသင်းက သိရသည်။

"ကျွန်တော်တို့က ရွှေပြည်သာမှာ ဆန်အိတ်(၁၅၅ဝ)၊လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)မှာ ဆန်အိတ်(၇၇၅) ၊လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)မှာ ဆန်အိတ်(၇၇၅) ကိုပြီးခဲ့တဲ့ ရက်က လှူဒါန်းခဲ့ပါတယ်။ အဲဒီဆန်တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက်နဲ့သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးရုံးတွေကတစ်ဆင့် အချိုးကျ ခွဲဝေလှူဒါန်းခဲ့တာပါ"ဟု ယင်းအသင်း၏ ဥက္ကဌ MR.YU JIAN CHEN က ပြောသည်။

 

CHINA (HONGKONG MACAU) ENTERPRISE ASSOCIATION IN MYANMAR အသင်းဥက္ကဋ္ဌ Mr Yu Jian Chen အနေဖြင့် ကိုယ်ပိုင်ဆန်အိတ် (၁၄၀၀)၊ CHINA HONGKONG MACAU ENTERPRISE ASSOCIATION IN MYANMAR အသင်းအဖွဲ့ဝင် (၁၆)ဦးအနေဖြင့် ဆန်အိတ် (၁၇၀၀) စုစုပေါင်းဆန်အိတ် (၃၁၀၀) တို့ကို လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

"အခုကာလမှာ ပြည်သူတွေ ကျန်းမာရေး၊ စီးပွားရေး ကျပ်တည်းနေကြတယ်၊ အဓိကအားဖြင့် ရွှေပြည်သာမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေထဲမှာ ကျပ်တည်းတဲ့သူတွေ ရှိနေတာကို သိရတာကြောင့် လှူဖြစ်တာပါ"ဟု MR.YU JIAN CHEN က ဆိုသည်။

 

#ymg/mt
#Yangon_Media_Group