#Local_News
Published _ 18 October 2022

 

ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၅၀ ဦးကို ယနေ့ အောက်တိုဘာလ ၁၈ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့သည်။

 

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၅၀ ဦးဟာ ယနေ့မှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားရှိသည်။

 

ယနေ့ စေလွှတ်ခဲ့သည့် မြန်မာလုပ်သားများထဲ၌ ကုန်ထုတ်လုပ်သားအနေနှင့် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၆ ဦးနှင့် ဆောက်လုပ်ရေးလုပ်သားအနေဖြင့် လုပ်ကိုင်မည့် လုပ်သားသစ် ၂၄ ဦး ပါဝင်ကြောင်း သိရှိရသည်။

 

ယခုလအတွင်း ငါးကြိမ်မြောက်အနေနှင့် တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများကို စေလွှတ်ခြင်း ဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ မြန်မာလုပ်သား ၆၇၀ ဦး စေလွှတ်ပြီးဖြစ်ကြောင်း သိရသည်။

 

တောင်ကိုရီးယားအစိုးရအနေနှင့် မြန်မာလုပ်သားများကို တရားဝင်ပြန်လက်ခံနေပြီး ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးနှင့် ပြီးခဲ့သည့် စက်တင်ဘာလမှာ ၉၇၈ ဦးတို့ကို တရားဝင်ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

#ymg/NN
#Yangon_Media_Group