#Local_News
Published _17 October 2022

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပေးသည့် တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား အရေးယူမှု စတင်ပြီ ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ Facebook Page တွင် Perfect Money နှင့် B to P Money exchange တို့ အနေဖြင့် နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းသို့ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်နေကြသည့် Facebook Page များအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရသောကြောင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲ ဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၎င်း Facebook Page များ မှာ Black Market Rate, USD Exchange Rate, Golda and Forex Trading Gold and Dollar Market Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများ ဆုံစည်းရာ- Dollar Palace၊ Dollar ရောင်းမယ် ဝယ်မယ် တိုက်ရိုက်၊ ရွှေဈေးဒေါ်လာဈေး တိုက်ရိုက် (Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး update YGN MDY ကြိုက်ရောင်း ကြိုက်ဝယ်၊ ယူရို ဒေါ်လာ ရောင်းဝယ်ပိုဆောင်သူများ ဆုံဆည်းရာ Euro Dollar Trading, ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၊ ဒေါ်လာစားများနှင့် နိုင်ငံခြား ငွေလိုသူများ ဝယ်ရောင်းရန်၊ ဒေါ်လာ ရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ်တိုက်ရိုက် ($=><=Ks) ၊ ဒေါ်လာ dollar ရောင်းသူဝယ်သူတိုက်ရိုက် (ကြိုက်ရောင်း ကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများနှင့် ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေ တို ဖြစ်ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group