#Local_News
Published_ 17 October 2022

 

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပပြုလုပ်မည့် Association of World Election Bodies (A-WEB) ၏ (၅) ကြိမ်မြောက် အထွေထွေညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်တို့ တက်ရောက်မည်ဖြစ်ကြောင်း သိရပါတယ်။

 

အထွေထွေညီလာခံသို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌသည် အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြ ကြောင်း သိရပါတယ်။

 

A-WEB အဖွဲ့ကို ၂၀၁၃ ခုနှစ်က စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ ရွေးကောက်ပွဲ ဆိုင်ရာအဖွဲ့အစည်း ၁၁၉ ဖွဲ့ပါဝင်ပါတယ်။

 

အဆိုပါညီလာခံသို့ တက်ရောက်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ရွေးကောက်ပွဲစနစ်များကို လေ့လာသိရှိခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း နည်းပညာဖလှယ်၍ ဆောင်ရွက်နိုင်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု ရရှိခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပါတယ်။

 

ညီလာခံကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၂၂ ရက်အထိ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

#ygm_mnn
#Yangon_Media_Group