#LocalNews
Published 16 October 2022

 

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် အရည်အသွေးမြင့်ဘိလပ်မြေများ ပေးသွင်းနိုင်မည့်လုပ်ငန်းရှင်များ ဖိတ်ခေါ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအ‌နေဖြင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း RCC Dam အတွက် ကွန်ကရစ်သွန်းလောင်းရာတွင် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီသည့် ဘိလပ်မြေများကို စဉ်ဆက်မပြတ် ပေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ တရားဝင်ခွင့်ပြုလုပ်ကိုင်လျက်ရှိသော တိုင်းရင်းသား/နိုင်ငံခြားသားလုပ်ငန်းရှင် များထံမှ အဆိုပါ စိတ်ဝင်စားမှုအဆိုပြုလွှာကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ပေးသွင်းရမည့် ပစ္စည်း ဘိလပ်မြေပမာဏမှာ တန်ချိန် ၄၆၈၀၀ တန်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို အောက်တိုဘာလ ၁၇ ရက်တွင်ရောင်းချမည်ဖြစ်ပြီး လာမည့်နိုဝင်ဘာလ ၁၆ ရက်တွင် နောက်ဆုံးပြန်လည်တင်သွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group