Published_9 October 2022
သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့်
ယနေ့အောက်တိုဘာလ ၉ ရက်ညတွင် ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ မီးရှူးမီးပန်းများကို ပစ်ဖောက်ခဲ့ရာအများပြည်သူများလာရောက်ကြည့်ရှု ခဲ့ကြသည်။
ယင်းအပြင် အောက်တိုဘာလ ၈ ရက်မှစ၍အဆိုပါနေရာတွင် သီတင်းကျွတ် မီးထွန်းပွဲနှင့် ဈေးရောင်းပွဲတော်များကျင်းပနေသည်။
အဆိုပါမီးထွန်းပွဲအတွင်း ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ မီးတိုင်များတွင် ရောင်စုံမီးအလှများကို ဝေေ၀ဆာဆာတပ်ဆင်ထားရှိပြီး ဈေးရောင်းပွဲတော်အတွင်း အကျယ် ၁၀ ပေ ပတ်လည်ရှိ ဈေးဆိုင်ခန်းပေါင်း ၁၇၀ ခန်း၌ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်၊ အသီးအနှံများကို ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။
ရန်ကုန်ကဲ့သို့ အလားတူ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်းတွင်လည်း မီးရှူးမီးပန်းများ ပစ်ဖောက်ကာ သီတင်းကျွတ်ပွဲတော်ကို ကျင်းပနေကြောင်း သိရသည်။
ymg/mt
Yangon_Media_Group