#LocalNews
Published_9 October 2022

 

ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သို ယနေ့ အောက်တိုဘာလ ၉ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လာရောက်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်ကို အောက်တိုဘာလ ၈ ရက် မှ အောက်တိုဘာလ ၁၄ ရက် အထိ လက်ရှိ COVID-19 ကူးစက်ကပ်ရောဂါကြောင့် ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးခတ်ပြိုင်ပွဲ၊ ဇာတ်ပွဲများ စသည့် ပျော်ပွဲရွှင်ပွဲများထည့်သွင်း မကျင်းပဘဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲဖြင့် အကျဉ်းချုံးသာ ကျင်းပနေခြင်းဖြစ်ကြောင်းလည်း ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကသိရ သည်။

 

ယနေ့ သီတင်းကျွတ်လပြည့်နေ့ နံနက်အစောပိုင်း ဆွမ်းအိုးမျှောခြင်းကိုလည်း ပြုလုပ်ခဲ့ကြကြောင်း၊COVID-19 ကူးစက်ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။

 

Photo -Myint Soe

ymg/mt
#Yangon_Media_Group