#Local_News
Published_ 8 October 2022

 

ရွှေတိဂုံစေတီတော် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပခဲ့ပါတယ်။

 

ဦးစွာ ရွှေတိဂုံတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ လျှပ်စစ်မီးစေတီများ ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပါတယ်။

 

ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံ စေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေ၌ ကျင်းပခဲ့ပြီး ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက စုပေါင်း၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group