#Local_News
Published_29 September 2022

 

ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းမှာ ဆက်တိုက်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

 

စက်တင်ဘာလ ၂၈ ရက်အထိ ပြည်တွင်း အခေါက်‌ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅၈၀၀၀၀ အထိ ပြန်လည်ကျဆင်းလာပြီး ငွေလဲနှုန်းမှာလည်း ၃၀၀၀ ဝန်းကျင်ထိ ကျဆင်းလာကြောင်း သိရသည်။

 

စက်တင်ဘာလအစတွင် ပြည်တွင်းရွှေဈေးနှုန်းမှာ သိန်း ၃၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့သလို ငွေလဲနှုန်းမှာလည်းမြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်မှစ၍ ရွှေနှင့် ဒေါ်လာဈေးနှုန်းမှာ ပြန်လည်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

 

နစက အစိုးရအနေဖြင့် မြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ဒင်္ဂါးပြားတွေကို ထုတ်ရောင်းပေးခဲ့ပြီး နေပြည်တော်ကောင်စီတွင် စက်တင်ဘာ ၂ ရက်နေ့၌ စတင်ရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်နှင့်မန္တလေး၌ ရွှေဒင်္ဂံါးပြားများကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသော ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉၄၇၀၀၀ ဖြစ်ကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group