#Local_News
Published _26 September 2022

 

အမြန်လမ်းတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၅ နာရီကျော်အချိန်က ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းကို ဝင်တိုက်မိသောကြောင့် ယာဉ်နောက်လိုက်ဒဏ်ရာရသွားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သိရသည်။

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၅၁/၁-၂)ဖာလုံကြားတွင် နေပြည်‌တော်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင့်လာသော Express ခရီးသည်တင်ယာဉ်တစ်စီး၏ နောက်ဝဲဘက် ဘီးပေါက်ကာလမ်းလယ်ကျွန်းရှိ ဘာရီယာတုံးများကို ဝင်တိုက်မိကာ Unber Pass တံတားပေါ်၌ ကန်လန့်ဖြတ်ရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းအခင်းဖြစ်နေရာသို့ ဗောဓိကုန်းအမြန်လမ်းနယ်မြေ မီးသတ်စခန်း၊ဇီးပင်သာအမြန်လမ်းမကြီးရဲစန်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပေးခဲ့ရကြောင်း၊ ယာဉ်ပေါ်ပါခရီးသည်များ ဘေးကင်းကြကာ ဒဏ်ရာရသွားသည့် ယာဉ်နောက်လိုက် အမျိုးသားအား တောင်ငူပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group