#Local_News
Published - 15 Setember 2022

ခရီးသည်တင် Express ကား ၂ စီးနှင့် ကန်တာဒိုင်နာယာဉ် ၁ စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၂၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ပေးသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်၊ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျား ၁၀ ဦး၊ မ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

"ပုဂံမင်းသား Express ကရှေ့ကယာဉ်ကိုကျော်တက်လိုက်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကလာတဲ့ သန်မြန်သူယာဉ်လိုင်းနဲ့ တိုက်မိတာပေါ့။ ကားပေါ်ပါလူတွေအကုန်လုံး ထိခိုက်ဒဏ်ရာရကြတယ်။ ဆေးရုံတတ်တယ့်လူနာက ၂၅ ယောက်ရှိပါတယ်။ ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံကိုပဲ ပို့ထားတာပါ"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း၊ လက်ပံပြား- ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Ymg/STH
#Yangon_Media_Group