#Local_News
Published _14 September 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်မှ ယနေ့ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က အမျိုးသားတစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်လျက်ရှိကြောင်း၊ ရေထဲသို့ ခုန်ချသွားသူကို ပြန်လည် မတွေ့သေးကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_group