#Local_News
Published 11 Sept 2022

 

ရုရှားဖက်ဒရေးရှင်းကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ စက်တင်ဘာ ၁၁ ရက် တနင်္ဂနွေနေ့က Irkutsk ပြည်နယ်မှာရှိတဲ့ Irkutsk Aviation Plant-Irkutsk Corporation လေယာဉ်ထုတ်လုပ်ရေး စက်ရုံကို သွားရောက်ကာ မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်နေတဲ့ Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်တင်ဆင်နေမှုတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုလ်ချူပ်မှူးကြီးနှင့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို Irkutsk Aviation Plant-Irkutsk Corporation Branch မှ အထွေထွေညွှန်ကြားရေးမှူးချုပ် Mr. Veprev Aleksey Alexandrovich နှင့် အဖွဲ့ဝင်များက MC-21 300 ခရီးသည်တင်လေယာဉ်ကြီးများ ထုတ်လုပ်ရန်အတွက် အစိတ်အပိုင်းတစ်ခုချင်းစီအလိုက် sector များခွဲကာ Robotic system များ၊ Automatic Machine များဖြင့် တပ်ဆင်နေမှုများ၊ ထိုမှတစ်ဆင့် လေယာဉ်ကိုယ်ထည်ပိုင်း၊ တောင်ပံပိုင်း၊ အင်ဂျင်ပိုင်းများကို အဆင့်ဆင့် တပ်ဆင်တွဲဆက်နေမှုများ၊ စက်ခေါင်းခန်းအတွင်း ထိန်းချုပ်မှု System များ၊ အတွင်းပိုင်း အပြင်အဆင်များကို အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိများ၊ လေယာဉ်ထုတ်လုပ်နေမှု အခြေအနေများနှင့် လေယာဉ်၏ စွမ်းဆောင်ရည်ပိုင်းနှင့် ကြံ့ခိုင်ရေးပိုင်းတို့အား စမ်းသပ်စစ်ဆေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်အတွက် ထုတ်လုပ်လျက်ရှိသည့် Su-30 တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်တပ်ဆင်နေမှု၊ ထုတ်လုပ်ပြီးလေယာဉ်များအား လေ့ကျင့်စမ်းသပ်နေမှု အခြေအနေများနှင့်ပတ်သက်၍ အလုပ်ရုံအတွင်း လှည့်လည်၍ ရှင်းလင်းတင်ပြခဲ့ကြတယ်လို သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

အဆိုပါ Irkutsk လေယာဉ်ထုတ်လုပ်ရေးစက်ရုံ Irkutsk Aviation Plant ကို ၁၉၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ Irkutsk Corporation ၏ လက်ခွဲတစ်ခုဖြစ်ပြီး Irkutsk လေယာဉ်ထုတ်လုပ်ရေးအသင်းသည် Transbaykal ဒေသ၏ ရှေးအကျဆုံး လေယာဉ်ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စတင်တည်ထောင်ခဲ့သည့် ၁၉၃၂ ခုနှစ်မှစ၍ ယခုအထိ လေယာဉ်အစင်းပေါင်း ၇၀၀၀ ကျော်ကို ထုတ်လုပ်ခဲ့ကြောင်းသိရပါတယ်။

 

ထို့နောက် နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ Irkutsk Regional Children's Clinical Hospital ဆေးရုံနှင့် အမှတ်(၁၄) အခြေခံပညာအလယ်တန်းကျောင်း MBOU Zakharovkaya Secondary School Moscowကျောင်းတွေကိုလည်း ဆက်လက်သွားရောက်လေ့လာခဲ့ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

Source SAC’s Information
#Yangon_Media_Group