#LocalNews
Published _ 11 September 2022

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် -ဟင်္သာတ -ကြံခင်း အစုန်အဆန် အမြန်ရထားများကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြန်လည်ပြေးဆွဲခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တိုင်း ၉ က သိရသည်။

 

ပုသိမ်-ဟင်္သာတ-ကြံခင်း သို့ ၁၈၁ အဆန်အမြန်ရထားနှင့် ၁၈၂ အစုန် အမြန်ရထားများကို ပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ပြီး ယနေ့တွင် ကြံခင်းဘက်မှ ပုသိမ်သို့ ကြံခင်းဘူတာမှ နံနက် ၆ နာရီကစ၍ ၁၈၂ အစုန်ရထားကို ပြေးဆွဲရာ ဟင်္သာတဘူတာသို့ ၁၀ နာရီတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ၁၈၂ အစုန် အမြန်ရထားသည် ပုသိမ်ဘက်သို့ လိုက်ပါမည့် ခရီးသွားပြည်သူ ခရီးသည် ၁၂၃၈ ဦးကို တင်ဆောင်လျက် ပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

Photo-KZ(HTD)
ymg/mt
#Yangon_Media_Group