#Local_News
Published - 10 September 2022

 

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများစာရင်းကို ကျန်းမာရေးဝန်ကြီးဌာနကစက်တင် ဘာလ(၉)ရက်က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်၊၊

 

အဆိုပါ ထုတ်ပြန်ကြေညာထားသည့် စာရင်းများအရဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၃၃၅)ဦးရှိကြောင်း သိရသည်၊၊

 

လူတွေ့နှုတ်ဖြေစာမေးပွဲများကို စက်တင်ဘာလ(၁၂) ရက်မှ(၂၂)ရက်အထိ နေပြည်တော်သားဖွားသင်တန်းကျောင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ခုံအမှတ်များအလိုက် တစ်ရက်ကိုလူဦးရေ(၁၅၀)ဦးခန့် ဖြေဆိုကြရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်၊၊

 

ဆေးဘက်ဆိုင်ရာတက္ကသိုလ်များသို့ ဝင်ခွင့်ရသူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ Facebook page၊Website၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ website၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊အဆင့်မြင့်ပညာဦးစီးဌာန Website၊ လျှောက်လွှာလက်ခံသော တက္ကသိုလ်(၂၆) ခုတွင် ကြေငြာထားပြီးဖြစ်ပြီး ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲကိုလာရောက်ဖြေဆိုကြရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားကြောင်း သိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group