#Local_News
Published - 3 September 2022

 

ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်းမှာ အတက်ဈေးဖြင့်ငြိမ်နေပြီး ဆန်ကြမ်းဈေးနှုန်းသည် အနည်းငယ်ဈေးတက်လာကြောင်း ဆန်ရောင်းချသူများထံမှ သိရသည်။

 

နယ်ဈေးကွက်တွင်လည်း ဆန်စပါးဈေးနှုန်းသည်အတက်ဈေးဖြင့် ငြိမ်နေကြောင်း သိရသည်။ ယင်းအပြင် ငွေလဲလှယ်နှုန်းဈေးမတည်ငြိမ်ခြင်းကြောင့် ဝယ်ယူသိုလှောင်မှုများပြားသည့်အတွက် နေ့စဉ်မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

စပါးအသစ်မှာ အချို့ဒေသတွေများတွင် ထွက်ရှိသော်လည်း ဈေးနှုန်းမှာ အများကြီးကျဆင်းနိုင်ခြေမရှိကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

ဆန်စပါးအသင်းအနေဖြင့် လက်ရှိမြင့်တက်နေသည့် ဆန်စပါးဈေးကို ထိန်းချုပ်ရန်အတွက်အရန်ဆန်စီမံကိန်းတစ်ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ရန်ကုန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်းမှာ တစ်လအတွင်း တစ်အိတ်ကို ၄,၀၀၀ မှ ၆,၀၀၀ ကြားဈေးတက်လာပြီး ဆန်ကြမ်း ဈေးနှုန်းသည်လည်းတစ်အိတ်ကို ၃,၀၀၀ မှ ၇,၀၀၀ ကြား ဈေးတက်လာ ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဈေးကွက်တွင်လည်း ပထမတန်းစားစပါးသည် တစ်လအတွင်း တင်း ၁၀၀ကို အနိမ့်ဆုံး တစ်သိန်းမှ တစ်သိန်းခွဲကြား ဈေးတက်လာပြီး ဒုတိယတန်းစပါးဈေးနှုန်းမှာ တစ်လအတွင်း တင်း ၁၀၀ ကို ၃၀,၀၀၀ မှ ၆၀,၀၀၀ ကြား ဈေးတက်လာခြင်းဖြစ်သည်။

 

ဆန်ဈေးအပြင် အခြေခံစားသောက်ကုန်များပါ ဈေနှုန်းမြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ကျပ်တည်းနေ ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group