#Local_News
Published_2 Septmber 2022

 

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းလေးခုတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၁၀၈ ဦးကို စက်တင်ဘာလ ၁ ရက်က ပြည်တွင်းသို့ MAI ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရသည်။

 

KLIA ထိန်းသိမ်းရေးစခန်းက ၅ ဦး၊ Bukit Jali ထိန်းသိမ်းရေးစခန်းက ၁၃ ဦး၊ Lang Kap ထိန်းသိမ်းရေးစခန်းက ၃၇ ဦး၊ Bidor ထိန်းသိမ်းရေစခန်းက ၅၃ ဦး ဖြစ်ပြီး ယင်းတို့မှာ မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရာက ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ကြောင်း သိရသည်။

 

ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံရခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြည့်စုံသူများအား သံရုံးအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၄၈၀ ကျော် ပြည်တော်ပြန်နိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။

#ymg/mt
#Yangon_Media_Group