#Local_News
Published _ 1 September 2022

ဆေးတက္ကသိုလ်ကို မိမိအစီစဉ်ဖြင့် ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ကြား အကုန်ကျခံပြီး တတ်နိုင်မည့်သင်တန်း ယခုပညာသင်နှစ်တွင် ထူးခြားချက်အနေနှင့် ပါဝင်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများထဲမှ ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို တက်လိုသူများအနေနှင့် ပညာသင်နှစ် အစမှအဆုံးထိ ကျောင်းလခ ငွေကျပ် သိန်း ၆၀၀ မှ သိန်း ၇၀၀ အထိ အကုန်အကျခံပြီး တက်နိုင်မည့် အစီအစဉ်ရှိနေပြီး အဆိုပါ အစီစဉ်နှင့် တက်ရောက်မည့် ကျောင်းသူကျောင်းသားများ အနေဖြင့် သင်တန်းပြီးမြောက်သွားလျင် မိမိသဘောဆန္ဒအတိုင်း နိုင်ငံ့ဝန်ထမ်းတာဝန် မထမ်းဆောင်ဘဲနေလိုလျင် ရနိုင်ကြောင်း ပါရှိသည်။

 

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်ဖြင့် ပညာသင်ကြားခွင့်(သို့မဟုတ်) မိမိအစီအစဉ်ဖြင့် ပညာသင်ကြားခွင့်အား ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group