#Local_News
Published_30 August 2022

ကျန်းမာရေးထိခိုက်စေနိုင်သဖြင့် အစားအသောက် (၃၉)မျိုးကို စားသုံးရန်မသင့်သော အစားအသောက်များအဖြစ် သတ်မှတ်ပြီး မစားသုံးကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAအနေဖြင့် အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊

 

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAအနေဖြင့်ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှအစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက်(၃၉)မျိုးသည် စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သဖြင့် မစားသုံးရန်အသိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊

 

ယခုထုတ်ပြန်လိုက်သည့် အစားအသောက်(၃၉)မျိုးသည် ဇန်နဝါရီလမှဇူလိုင်လအထိ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက်များဖြစ်ပြီး သစ်သီးယိုများ၊ ဂျယ်လီများ၊ လက်ဖက်၊ အချိုရည် ပဲကြီးလှော်၊ ပုန်းရည်ကြီး၊ ငပိ၊ သာကူချောင်း၊ အသားလုံးများ ပါဝင်ကြောင်းသိရသည်၊၊

 

အဆိုပါ အစားအသောက်များထဲတွင် ခွင့်မပြုတာရှည်ခံပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ၊ ခွင့်မပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများ ပါဝင်သောကြောင့် ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ပြီး ကင်ဆာရောဂါများ ဖြစ်ပွားနိုင်သဖြင့် ဘေးကင်းကြောင်း နောက်ထပ်ကြေညာချက်ထုတ်ပြန်ချက် မထုတ်မခြင်းစားသုံးခြင်းမပြုရန် ဖော်ပြထားသည်၊၊

 

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများ အနေဖြင့် FDA ၏ သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကအမျိုးသားအစား အသောက်ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်၊၊

#ymg/tthl
#Yangon_Media_Group