#Local_News
Published - 29 August 2022

 

ရွှေဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အလုပ်အမှုဆောင်အစည်းအဝေးကို ယနေ့(သြဂုတ် ၂၉) ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဈေးကွက်ပေါက်ဈေး ဖြင့် အရောင်းအဝယ်စာရင်းတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ဘဏ်စာရင်းကို အသုံးပြုရန်၊ YGEA ရည်ညွှန်းဈေးတင်ရန် ဆုံးဖြတ်ချက်ချခဲ့ကာ ပြီးခဲ့သည့် ၂၆ ရက်နေ့ (စနေ)က ပြုလုပ်ခဲ့သည့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့်တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် အလုပ်အမှုဆောင် အစည်းအဝေးလည်း ဖြစ်သည်။

 

ယနေ့ ဈေးကွက်ဖွင့်ချိန်မှာ YGEA က အခေါက်ရွှေတစ်ကျပ်သား ပေါက်ဈေးကို ကျပ်သိန်းနှစ်ဆယ်နှစ်သောင်းခုနှစ်ထောင်ဖြစ်ကြောင်း သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ပြင်ပဈေးကွက်မှာတွင် တစ်ကျပ်သား ကျပ် ၂၉ သိန်းအထက်ကို ရောက်ရှိနေခြင်းဖြစ်သည်။

 

#Ymg/STH
#Yangon_Media_Group